Cover

သက်သေအခြေပြု သုတေသန (Evidence based research in qualitative research)

✅ Free 📂 လူမှုရေး သိပ္ပံ သုတေသန

စာအုပ်အညွှန်း

ဤသုတေသန စာအုပ်သည် လူမှုရေးသိပ္ပံသုတေသနဖြစ်သည့် အရည်အသွေးဦးစားပေးသုတေသနထဲက တဆင့်ခံဒေတာအချက်အလက်များဖြင့် ပြုလုပ်ဆောင်ရွက်ရသည့် " Critical analysis research " သုတေသနကို အဓိကဦးစားပေး ရေးသားတင်ပြထားခြင်းဖြစ်ပါသည်။ ဤသုတေသနကို များသောအားဖြင့် ဘာသာရေး၊ရှေးဟောင်း၊သမိုင်း၊နိုင်ငံရေး၊ စိတ်ပညာ စသည့် အခန်းကဏ္ဍများတွင် အသုံးပြုကြသည်။ ဤစာအုပ်တွင် အဆိုပါ သုတေသန၏ သဘောတရား၊စာတမ်းဖွဲ့စည်းပုံ၊ သုတေသနပြုလုပ်ရန် ပြင်ဆင်ပုံ၊ အဆိုပြုချက်တစ်ခုကို မည်သို့ အဆင့်ဆင့်ခိုင်မာအောင် တည်ဆောက်ရသည်ကို ဖော်ပြထားသည်။ ထို့အပြင် သုတေသနပြုလုပ်ဆောင်ရွက်သည့်အခါ ရှောင်ရန်၊ဆောင်ရန် အခြေခံသဘောတရားများကိုလည်း ဖော်ပြထားပါသည်။ ဤ စာအုပ်ကို အပိုင်း (၃)ပိုင်းဖြင့် တင်ပြထားပါသည်။ ပထမပိုင်းတွင် သုတေသနသဘောတရားများကို ဖော်ပြထားသည်။ အပိုင်း(၂)တွင် Chicago/Turabian (Author-date) citation style အကြောင်းကို ဖော်ပြထားသည်။ အပိုင်း(၃)တွင် Chicago/Turabian (Footnote) citation style အကြောင်းကို ဖော်ပြထားသည်။
📖 အွန်လိုင်းဖတ်မည်